Friday, 26 June 2009

"ချစ်သ၀ဏ်လွာ- ၂"

အသဲလေးရဲ့ 'ကိုကို'
'ကိုကို' အသဲလေး 'ကိုကို' ဆီကို Valentine Day အတွက် စာပို့ပေးဖို့ အခွင့်အရေး မရှိတော့ဘူးလို့တောင် ထင်ခဲ့မိတယ်။ ဒါပေမဲ့ ခုတော့ အသဲလေး ပို့ဖို့ အခွင့်အရေးလေး ကြုံခဲ့ရပြီပေါ့နော်။ 'ကိုကို' နေရောကောင်းရဲ့လား? ဒီနေ့ 'ကိုကို' နေမကောင်းဘူးဆိုလို့ အသဲလေးမှာ စိတ်ပူလိုက်ရတာဗျာ။ 'ကိုကို' ရယ် နေကောင်းအောင်နေပါနော်။ အသဲလေး ကိုကို့ ကို စိတ်ပူလွန်းလို့ပါ။ အသဲလေး မှန်လား၊မှားလားတော့ မသိဘူး။အားလုံး ၀ိုင်းတားတဲ့ကြတဲ့ ကြားက ကိုကို့ ကို နောက်တစ်ကြိမ် ထပ်ပြီး ရွေးချယ်ခဲ့မိပြန်ပြီ။ မှန်မှန်မှားမှားဗျာ အသဲလေး ဘယ်တော့မှ နောင်တမရဘူး။ အသဲလေး ချစ်တဲ့လူကို အသဲလေး ရွေးချယ်ခဲ့တာပဲလေ။ ဘာပဲဖြစ်ဇြစ် အသဲလေး ကိုကို နဲ့ တူတူရှိနေရင် ပျော်တယ်။ အသဲလေး ကိုကိုဆီက ဘာမှမလိုချင်ပါဘူး။ တောင်းလဲမတောင်းဆိုချင်ပါဘူး။ ဒါပေမယ့် ကိုကို ကိုတော့ အသဲလေး ဘေးမှာအမြဲရှိနေပေး စေချင်တယ်ဗျာ။ အသဲလေး ကိုကို့ ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကို အသိဆုံးဖြစ်မှာပါ။ နောက်တစ်ခါ ထပ်ပြီး အသဲလေးကို စိတ်ညစ်ရအောင် မလုပ်ပါနဲ့တော့်နော်။ ထပ်ပြီးလဲ မထားခဲ့ပါနဲ့တော့နော်။ အသဲလေး အတွက် ကိုကိုမရှိရင် မဖြစ်လို့ပါကွာ။ အသဲလေး တောင်းပန်ပါတယ်နော်။ နောက်တစ်ကြိမ်ထပ်ပြီး မခံစား ပါရစေနဲ့တော့ဗျာ။ ကြာရင် ရူးသွားလိမ့်မယ်။ ကိုကို့ ကို အသဲလေး တစ်ဘ၀လုံးအတွက် ချစ်ခဲ့တာပါ။ ကိုကို ဘာတွေပဲ ဖြစ်နေပါစေ အသဲလေး ကိုကို့ ကို အမြဲတန်းချစ်နေမှာပါ။ ကိုကို လည်း ကျေးဇူးပြုပြီး အသဲလေးကို နည်းနည်းလောက်ပဲ ပြန်ချစ်ပေးမယ်ဆိုရင် ကျေနပ်ပါပြီဗျာ။
'Happy Valentine Day!' ပါနော်။

I Love You So Much, KoKo!
Take Care Your Health!

'ကိုကို့' အရမ်းချစ်တဲ့
အသဲလေး
ဧပရယ်ချစ်သူ

0 comments:

No comments:

Post a Comment