‘Happy BIRTHDAY, MG!’
မောင် ဘာလိုလိုနဲ့ မောင် ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့တောင် ရောက်လာပြီနော်။ မောင် ရဲ့ မွေးနေ့ မှာ ကလေး မောင်နဲ့ တူတူရှိနေချင်လိုက်တာ။ မောင်နဲ့အတူတူ မောင့်မွေးနေ့မှာ ဘုရားတူတူသွားပြီး မောင့်အတွက် ဆုတွေ အများကြီး တောင်းပေးချင်တယ်။ ဒီနှစ်မွေးနေ့မှာ တူတူမရှိနိုင်ပေမဲ့ နောက်နှစ်တွေမှာတော့ တူတူရှိရင် သိပ်ကောင်းမှာပဲဗျာ။ မောင် ကလေး ကို ချစ်နေသ၍ ကလေး မောင့်ဘေးမှာပဲ ရှိနေမှာပါ။ မောင်လည်းပဲ ကလေးရဲ့ ဘေးမှာရှိနေပေးပါနော်။ မောင့်ကို ကလေး အရမ်း အရမ်းကို ချစ်ပါတယ်။ မောင် နေကောင်းအောင်လဲ နေပါဦးနော်။ မောင် က ခဏခဏ နေမကောင်း ဖြစ်တက်တော့ အမြဲပဲ စိတ်ပူနေရတယ်။ ကျန်းမာရေးကို ဂရုစိုက်နော်။ ကလေးကိုလည်း စိတ်မပူနဲ့နော်။ စိတ်ချပါနော်။ မောင်ကလေး ကို ချစ်လွန်းလို့ စိတ်ပူတယ်ဆိုတာ ကို ကလေးနားလည်ပါတယ်။ ကလေးလည်း မောင့် ကို အရမ်းချစ်တယ်။မောင် ကလေးကို ယုံပါနော်။ မောင်ရယ်၊ ဖေကြီး၊ မေကြီး နဲ့ ညီလေးတို့ ရှိနေရင် ကလေးဘ၀အတွက် အားလုံးပြည့်စုံသွားပါပြီ။ ကလေး မောင့်ဆီက ဘာမှမတောင်းဆိုးပါဘူး။ တစ်ခုပဲပေးပါနော် “မောင့်ရဲ့အချစ်တွေ အားလုံး” ကိုပေါ့။
“မောင့်ကို ကလေးအရမ်းချစ်တယ်”
“မောင်ရဲ့ 7.9.2008 မှာကျရောက်တဲ့ ၂၂ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများထိ စိတ်ချမ်းချမ်းသာသာ၊ ကိုယ်ကျန်းကျန်းမာမာနှင့် ပြုလုပ်သမျှ ကိစ္စအ၀၀ အောင်မြင်ပြီးမြောက်ပြီး ဖြစ်ချင်တာနဲ့ ဖြစ်တာတွေ တစ်ထပ်ထည်း ကျနိုင်ပါစေ။ တကယ်ချစ်တဲ့သူနဲ့လည်း အမြန်ဆုံး နီးစပ်နိုင်ပါစေ” လို့ ကလေး မောင့်အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်။
I LOVE YOU NOW AND FOREVER!
မောင့်ကို အရမ်းချစ်တဲ့
မောင်ရဲ့အသဲလေး
(ဧပရယ်ချစ်သူ)
ပြက္ခဒိန်
ပို့(စ်)များ
Friday, 26 June 2009
"ချစ်သ၀ဏ်လွာ- ၁"
Posted by
Anonymous
at
07:08
Subscribe to:
Post Comments (Atom)

နာရီ
ချစ်သူသိရန်
ရွှေကျင်သားနှင့် ဧပရယ်ချစ်သူ စုံတွဲလေးသည် ၂၅.၅.၂၀၀၈ ရက်နေ့တွင် ချစ်သူ ဖြစ်ခဲကြသည်။ ယခုအချိန်တွင် ချစ်သူသက်တမ်း ၁ နှစ်ကျော်ခဲ့ပါပြီ။ ရွှေကျင်သားသည် သူ၏ ချစ်သူ ဧပရယ်ချစ်သူအား ဘယ်နေရာ ဘယ်အချိန် ဘယ်အချိန်တွေ ဘာတွေ လုပ်လုပ် သတိရနေသလို ဧပရယ်ချစ်သူမှာလည်း သူ၏ ချစ်သူ ရွှေကျင်သားအား အနားမှာမရှိရင် မနေတက်သလောက်ကို ချစ်နေခဲ့သည်။ ဧပရယ်ချစ်သူမှာ တစ်ခါတစ်ရံ ရွှေကျင်သား အပေါ်တွင် ကလေးလေး တစ်ယောက်လို ဆိုးတက်၍ ရွှေကျင်သား သည်လည်း ဧပရယ်ချစ်သူအပေါ် လူကြီးတစ်ယောက်လို ဆုံးမ၍ တစ်ခါတစ်ရန် ချစ်သူအား အနိုင်ယူတက်သည်။
0 comments:
Post a Comment