မောင့်ရင်ခွင်ထဲ တသက်တာ
ခိုနားပါရစေ * * *
မောင့်အပြုံးတွေနဲ့ ထာဝရ
ကြည်နူးပါရစေ* * *
မောင့်အနမ်းတွေနဲ့ မနက်တိုင်း
နိုးထပါရစေ* * *
မောင့်အိမ်မက်တွေနဲ့ ညတိုင်း
အသက်ဆက်ပါရစေ * * *
နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်တွေကို
မောင့်ရဲ့ချစ်ခြင်းဖွဲ့ သံစဉ်တွေနဲ့အတူ
မက်မောစွာ ဖြတ်သန်းပါရစေ * * *
Sunday, 28 February 2010
"လိုအပ်ခြင်း"
Posted by
Anonymous
at
23:32
0
comments
Saturday, 30 January 2010
ချစ်သူရေ.......
ချစ်တယ် မောင်ရယ်.....
ယုံပါကွာ...နော်....
အသဲလေး ရင်ထဲမှာ မောင်တစ်ယောက်တည်း ရှိတာ တကယ်ပါ....
ခု နှစ်ပတ်လည်သီချင်း ကို နားထောင်နေရင်း စိတ်တည်းတမျိုးဖြစ်နေတယ် မောင်ရယ်...
ချစ်တယ်နော်.........
Posted by
Anonymous
at
06:09
0
comments
Friday, 26 June 2009
"ချစ်သ၀ဏ်လွာ- ၃"
Ko Ko!
I hope you can guess how much I love you!
You're the one that I love, you're the one that I need.No one can be replaced in the place of you.
I love you now and forever.And I also love you all my life. I wanna request you not to leave me alone again. I dun think I can stand the feeling that you left me alone again. I think if you leave me, I may die! Please always stand by me! Please always stay near me!
I ♥ U, KoKo!
yours lovingly,
Athaelay
ဧပရယ်ချစ်သူ
Posted by
Anonymous
at
07:31
0
comments
"ချစ်သ၀ဏ်လွာ- ၂"
အသဲလေးရဲ့ 'ကိုကို'
'ကိုကို' အသဲလေး 'ကိုကို' ဆီကို Valentine Day အတွက် စာပို့ပေးဖို့ အခွင့်အရေး မရှိတော့ဘူးလို့တောင် ထင်ခဲ့မိတယ်။ ဒါပေမဲ့ ခုတော့ အသဲလေး ပို့ဖို့ အခွင့်အရေးလေး ကြုံခဲ့ရပြီပေါ့နော်။ 'ကိုကို' နေရောကောင်းရဲ့လား? ဒီနေ့ 'ကိုကို' နေမကောင်းဘူးဆိုလို့ အသဲလေးမှာ စိတ်ပူလိုက်ရတာဗျာ။ 'ကိုကို' ရယ် နေကောင်းအောင်နေပါနော်။ အသဲလေး ကိုကို့ ကို စိတ်ပူလွန်းလို့ပါ။ အသဲလေး မှန်လား၊မှားလားတော့ မသိဘူး။အားလုံး ၀ိုင်းတားတဲ့ကြတဲ့ ကြားက ကိုကို့ ကို နောက်တစ်ကြိမ် ထပ်ပြီး ရွေးချယ်ခဲ့မိပြန်ပြီ။ မှန်မှန်မှားမှားဗျာ အသဲလေး ဘယ်တော့မှ နောင်တမရဘူး။ အသဲလေး ချစ်တဲ့လူကို အသဲလေး ရွေးချယ်ခဲ့တာပဲလေ။ ဘာပဲဖြစ်ဇြစ် အသဲလေး ကိုကို နဲ့ တူတူရှိနေရင် ပျော်တယ်။ အသဲလေး ကိုကိုဆီက ဘာမှမလိုချင်ပါဘူး။ တောင်းလဲမတောင်းဆိုချင်ပါဘူး။ ဒါပေမယ့် ကိုကို ကိုတော့ အသဲလေး ဘေးမှာအမြဲရှိနေပေး စေချင်တယ်ဗျာ။ အသဲလေး ကိုကို့ ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကိုကို အသိဆုံးဖြစ်မှာပါ။ နောက်တစ်ခါ ထပ်ပြီး အသဲလေးကို စိတ်ညစ်ရအောင် မလုပ်ပါနဲ့တော့်နော်။ ထပ်ပြီးလဲ မထားခဲ့ပါနဲ့တော့နော်။ အသဲလေး အတွက် ကိုကိုမရှိရင် မဖြစ်လို့ပါကွာ။ အသဲလေး တောင်းပန်ပါတယ်နော်။ နောက်တစ်ကြိမ်ထပ်ပြီး မခံစား ပါရစေနဲ့တော့ဗျာ။ ကြာရင် ရူးသွားလိမ့်မယ်။ ကိုကို့ ကို အသဲလေး တစ်ဘ၀လုံးအတွက် ချစ်ခဲ့တာပါ။ ကိုကို ဘာတွေပဲ ဖြစ်နေပါစေ အသဲလေး ကိုကို့ ကို အမြဲတန်းချစ်နေမှာပါ။ ကိုကို လည်း ကျေးဇူးပြုပြီး အသဲလေးကို နည်းနည်းလောက်ပဲ ပြန်ချစ်ပေးမယ်ဆိုရင် ကျေနပ်ပါပြီဗျာ။
'Happy Valentine Day!' ပါနော်။
I Love You So Much, KoKo!
Take Care Your Health!
'ကိုကို့' အရမ်းချစ်တဲ့
အသဲလေး
ဧပရယ်ချစ်သူ
Posted by
Anonymous
at
07:12
0
comments
"ချစ်သ၀ဏ်လွာ- ၁"
‘Happy BIRTHDAY, MG!’
မောင် ဘာလိုလိုနဲ့ မောင် ရဲ့ ၂၂ နှစ်ပြည့် မွေးနေ့တောင် ရောက်လာပြီနော်။ မောင် ရဲ့ မွေးနေ့ မှာ ကလေး မောင်နဲ့ တူတူရှိနေချင်လိုက်တာ။ မောင်နဲ့အတူတူ မောင့်မွေးနေ့မှာ ဘုရားတူတူသွားပြီး မောင့်အတွက် ဆုတွေ အများကြီး တောင်းပေးချင်တယ်။ ဒီနှစ်မွေးနေ့မှာ တူတူမရှိနိုင်ပေမဲ့ နောက်နှစ်တွေမှာတော့ တူတူရှိရင် သိပ်ကောင်းမှာပဲဗျာ။ မောင် ကလေး ကို ချစ်နေသ၍ ကလေး မောင့်ဘေးမှာပဲ ရှိနေမှာပါ။ မောင်လည်းပဲ ကလေးရဲ့ ဘေးမှာရှိနေပေးပါနော်။ မောင့်ကို ကလေး အရမ်း အရမ်းကို ချစ်ပါတယ်။ မောင် နေကောင်းအောင်လဲ နေပါဦးနော်။ မောင် က ခဏခဏ နေမကောင်း ဖြစ်တက်တော့ အမြဲပဲ စိတ်ပူနေရတယ်။ ကျန်းမာရေးကို ဂရုစိုက်နော်။ ကလေးကိုလည်း စိတ်မပူနဲ့နော်။ စိတ်ချပါနော်။ မောင်ကလေး ကို ချစ်လွန်းလို့ စိတ်ပူတယ်ဆိုတာ ကို ကလေးနားလည်ပါတယ်။ ကလေးလည်း မောင့် ကို အရမ်းချစ်တယ်။မောင် ကလေးကို ယုံပါနော်။ မောင်ရယ်၊ ဖေကြီး၊ မေကြီး နဲ့ ညီလေးတို့ ရှိနေရင် ကလေးဘ၀အတွက် အားလုံးပြည့်စုံသွားပါပြီ။ ကလေး မောင့်ဆီက ဘာမှမတောင်းဆိုးပါဘူး။ တစ်ခုပဲပေးပါနော် “မောင့်ရဲ့အချစ်တွေ အားလုံး” ကိုပေါ့။
“မောင့်ကို ကလေးအရမ်းချစ်တယ်”
“မောင်ရဲ့ 7.9.2008 မှာကျရောက်တဲ့ ၂၂ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများထိ စိတ်ချမ်းချမ်းသာသာ၊ ကိုယ်ကျန်းကျန်းမာမာနှင့် ပြုလုပ်သမျှ ကိစ္စအ၀၀ အောင်မြင်ပြီးမြောက်ပြီး ဖြစ်ချင်တာနဲ့ ဖြစ်တာတွေ တစ်ထပ်ထည်း ကျနိုင်ပါစေ။ တကယ်ချစ်တဲ့သူနဲ့လည်း အမြန်ဆုံး နီးစပ်နိုင်ပါစေ” လို့ ကလေး မောင့်အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်။
I LOVE YOU NOW AND FOREVER!
မောင့်ကို အရမ်းချစ်တဲ့
မောင်ရဲ့အသဲလေး
(ဧပရယ်ချစ်သူ)
Posted by
Anonymous
at
07:08
0
comments
"ချစ်သ၀ဏ်လွာ"
"Mg"
I love you so much!
I can give up everything for you because I love you.
yours athaelay
ဧပရယ်ချစ်သူ
Posted by
Anonymous
at
05:12